27 C
Yangon

စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်သူ ၄၁၅၉ ဦး သေဆုံးကာ ၃၁၅၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်သူ ၄၁၅၉ ဦး သေဆုံးကာ ၃၁၅၀ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြည်သူ ၄၁၅၉ ဦး သေဆုံးပြီး ၃၁၅၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ စုစုပေါင်း ၇၃၀၉ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်သည်။

ယင်းသေဆုံးမှုများတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုခရိုင်၊ မုံရွာခရိုင် ၊ စစ်ကိုင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်နှင့် ကလေးခရိုင်တို့သည် အခြားခရိုင်များထက် အရပ်သားသေဆုံးမှု သိသိသာသာ များပြားပြီး စုစုပေါင်း ၃၅၁၃ ဦး အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အကြမ်းဖက်မှုကြောင့် ပြည်သူ သေ ဆုံးမှု လစဉ် ပျှမ်းမျှ ၁၁၈ ဦး၊ ဒဏ်ရာရရှိမှု ပျှမ်းမျှ ၉၀ ဦးအထိ ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူသေဆုံးရမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်သည့် Violence Against Civilians များကြောင့်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသည် အဝေးမှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်သည့် ပေါက်ကွဲစေသည့် လက်နက်များကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ မြင်းမူ၊ ခင်ဦး၊ ရေဦး၊ ဝက်ဘက်၊ ကလေးနဲ့ ချောင်းဦးမြို့နယ်များတွင် လက်နက်ကိုင်အဖဲ့အစည်းများက ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းသည် သိသိသာသာများပြားကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် ပြည်သူများ ထိခိုက်သေဆုံးရမှုများတွင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းအသုံးပြုတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းပေါက်ကွဲမှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုများအပြင် ပြည်သူများကို ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်းများလည်း ပါဝင်သည်ဟု သိရှိရသည်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ သေဆုံးရမှုများတွင် အကြမ်းဖက်စစ်ကောင်စီဝင်များကြောင့် ၂၄၁၄ ဦး သေဆုံးပြီး တော်လှန်ရေးအဖွဲ့များကြောင့် ၁၀၂၇ ဦး သေဆုံးခဲ့ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားစဉ် သေဆုံးမှု ၊ အရပ်သားအချင်းချင်း/ ရာဇဝတ်ဂိုဏ်းများကြောင့် သေဆုံးမှုနှင့် အခြား ကျူးလွန်သူကို အတည်မပြုနိုင်သည့် ဖြစ်စဉ်များကြောင့် သေဆုံးမှု ၆၂၅ ဦး ရှိခဲ့ကြောင်း Data For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ကလေးငယ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article