34 C
Yangon

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် ယနေ့ မတ်လ ၃ ရက်နေ့ စတင်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်ရောက်မည်၊ ရုရှားခရီးစဉ် လုံခြုံရေးအတွက် အရပ်ဘက်ဝန်ထမ်းများကို မသုံးဘဲ စစ်အရာရှိများကသာ ဦးဆောင်

Must read

ရန်ကုန်၊ မတ် ၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင် လိုက်ပြီး မတ်လ ၉ ရက်နေ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း နေပြည် တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ယူကရိန်းကို ကျူးကျော်သူ အကြမ်းဖက် ရုရှား ခေါင်း ဆောင် ဗလာဒီမာပူတင်နှင့် မတ်လ ၄ ရက်နေ့ တွင် တွေ့ဆုံမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်ကြောင်း၊ မတ်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်ကို အရပ်ဘက်ဝန်ကြီးဌာနမှ ဝန်ထမ်းများကို အသိပေးခြင်း၊ အသုံးပြုခြင်း မပြုဘဲ စစ်ရုံးမှ စစ်အရာရှိများက အဓိက လျှို့ဝှက်စွာ ဆောင်ရွက်ကြောင်း၊ လုံခြုံရေး ပေါက်ကြားမှု မရှိစေရေးအတွက် စစ်ဘက်ဝန်ထမ်းများကိုသာ အဓိက ရွေးချယ်အသုံးပြုကြောင်း သိရှိရသည်။

“ဒီတစ်ခေါက် ရုရှားခရီးစဉ်မှာ လုံခြုံရေးအတွက် အထူးစိုးရိမ်လို့ အရပ်ဘက် ဝန်ထမ်းတွေကို အသုံးပြုတာ အတော်ကိုနည်းပါတယ်။ စစ်ဘက်ကပဲ အဓိကလုပ်တယ်။ မဖြစ်မနေ အရပ်ဘက်ဝန်ထမ်းသုံးမယ်ဆိုရင်တောင် စစ်မှုထမ်းဟောင်း အရပ်ဘက်ဝန်ထမ်းတွေကိုပဲ သုံးတယ်။ အရပ်ဘက်ဝန်ထမ်းတွေကို မယုံကြည်တာမျိုး ဖြစ်နေတာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ခုနှစ် စက်တင်ဘာလ ရုရှားနိုင်ငံသို့ Eastern Economic Forum အစည်းအဝေး သွားတက်စဉ် ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံစဉ် ဗလာဒီမာပူတင်ကို မင်းအောင်လှိုင်က လက်အုပ်ချီကန်တော့ခဲ့ကာ ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် မြှောက်ပင့်ပြောဆိုခဲ့ဖူးသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article