29 C
Yangon

ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကား ၁ စီးလျှင် ငွေကျပ် ၂ သောင်းမှ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံပြီး ကုန်တင်ကားများကို စစ်တပ်ရိက္ခာများ ပို့ဆောင်ခိုင်းရန် အတင်းအဓမ္မ ချောဆွဲနေ

Must read

ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကား ၁ စီးလျှင် ငွေကျပ် ၂ သောင်းမှ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံပြီး ကုန်တင်ကားများကို စစ်တပ်ရိက္ခာများ ပို့ဆောင်ခိုင်းရန် အတင်းအဓမ္မ ချောဆွဲနေ

ရန်ကုန်၊ မတ် ၃

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်တွင် ရဲ နှင့် ပြည်သူ့စစ်များက ကား ၁ စီးလျှင် ငွေကျပ် ၂ သောင်းမှ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံသည့်အပြင် ကုန်ကားများကို စစ်တပ်ရိက္ခာများ အတင်း အဓမ္မ ချောဆွဲ ပို့ဆောင်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ကော့သောင်းမြို့မှ မြိတ် နှင့် ရန်ကုန်သို့ ထွက်လာနေသည့် ကုန်ကားများကို ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် ရဲနှင့် ပြည်သူ့စစ်များက ငွေကျပ် ၅ သောင်း မှ ၅ သိန်းအထိ အဆမတန် ငွေကြေးတောင်းခံနေပြီး ဘုတ်ပြင်းမှ ကော့သောင်းမြို့သို့ ထွက်သည့် ရေထွက်ပစ္စည်းတင်ပို့သည့် ကုန်ကားများကိုလည်း အနည်းဆုံး ငွေကျပ် ၂ သောင်း ခြိမ်းခြောက်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်ရှိ ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် ခမောက်ကြီး စခန်းမှူး ရဲအုပ်က ကော့သောင်းမြို့မှ မြိတ်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့သည့် ကုန်တင်ကားများထံမှ ကုန်ကားတစ်စီးလျှင် အနည်းဆုံး ကျပ် ၅ သောင်း မှ ကျပ် ၅ သိန်းအထိ တောင်းခံနေပြီး ငွေမပေးသည့် ကုန်ကားများကို အကြောင်းအမျိုးမျိုးပြ အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ကော့သောင်းမြို့မှ မြိတ်မြို့နှင့် ရန်ကုန်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ခမောက်ကြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ရသည့် ကားအရေအတွက်မှာ နေ့စဉ် အစီးရေ ၅၀ မှ ၁၀၀ ကြားရှိကြာင်း၊ ယခင်က ကုန်ကားနှင့် ခရီးသည်တင်ကားများသည် ခမောက်ကြီးစစ်ဆေးရေးဂိတ်တွင် ပုံမှန် ကျပ် ၅ ထောင်နှင့် ၁ သောင်း ပေးဆောင်နေရာမှ ယခုကဲ့သို့ အဆမတန် ငွေကြေးတောင်းခံနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း ကုန်တင်ကားသမားများနှင့် ကုန်သည်လုပ်ငန်းရှင်များက ပြောဆိုသည်။

ထို့ပြင် ယခင်က ခမောက်ကြီးမြို့တွင် အသုဘယာဉ်မောင်းနှင်ခဲ့ပြီး လက်ရှိတွင် ပြည်သူ့စစ်ခေါင်းဆောင် လုပ်နေသူ ကိုလတ်ဆိုသူသည်လည်း ဘုတ်ပြင်းဘက်မှ ကော့သောင်းမြို့ဘက်သို့ ရေထွက်ပစ္စည်းတင်ပို့သည့် ကုန်ကားများထံမှ ငွေကျပ် အနည်းဆုံး ၂ သောင်းပေးဆောင်ရန် တောင်းခံလေ့ရှိကြောင်း၊ ၄င်းတောင်းခံသည့်ငွေကြေး မပေးလျှင် ကားသမားများကို နည်းအမျိုးမျိုးဖြင့် ကြိမ်းမောင်းပြောဆိုပြီး အချိန်ကြန့်ကြာအောင် ဆောင်ရွက်လေ့ရှိကြောင်း၊ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားသည့် ဆိုင်ကယ်စီးသည့် ဒေသပြည်သူများကိုလည်း ကိုလတ် က ဆိုင်ကယ်ဆင်းတွန်းခိုင်းလေ့ရှိပြီး ဆိုင်ကယ်ဆင်းမတွန်းပါက အမျိုးမျိုး ကြိမ်းမောင်းပြောဆို၍ ခြိမ်းခြောက်စကားများလည်း ပြောဆိုလေ့ရှိကြောင်း သိရှိရသည်။

ပြည်သူ့စစ်အဖွဲ့မှ ကိုဖုန်း ဆိုသူသည်လည်း ခရီးသွားပြည်သူများအပေါ် နိုင် ထက် စီးနင်းပြောဆိုဆက်ဆံပြီး ခရီးသွားထောက်ခံချက် မပါရှိသော ခရီးသွားပြည်သူများကို ဖုန်းဆက်ပြီးဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆို၍ ငွေညှစ်လေ့ရှိကြောင်း၊ ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က အကူအညီတောင်း သည်ဟုဆိုကာ ဒေသတွင်းရှိ ကုန်ကားများကို မကြာခဏ ချောဆွဲပြီး စစ်တပ်ရိက္ခာနှင့် စစ်သားများကို ပို့ဆောင်ပေးရခြင်း ၊ စစ်တပ်အတွက် လိုအပ်သည့် သဲကျောက်နှင့် အခြားကုန်ပစ္စည်းများကို တင်ပို့ပေးနေရခြင်းများအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးယူခံရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိကြောင်း၊ စစ်တပ်ထောက်ပို့ဖြစ်သူ ရန်အောင် မှာလည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များ၏ ရှင်းလင်းမှုခံထားရသဖြင့် ကုန်ကားချောဆွဲခံရသူမျာမှာ ကြောက်လန့်နေကြကြောင်း သိရသည်။

ဓာတ်ပုံ- ဧရာ၀တီတိုင်းအတွင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article