32 C
Yangon

မြိုင်မြို့နယ်၊ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရ၊ စေတီနှင့်ဘုန်းကြီးကျောင်းများ ပျက်စီး

Must read

မြိုင်မြို့နယ်၊ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရ၊ စေတီနှင့်ဘုန်းကြီးကျောင်းများ ပျက်စီး

ရန်ကုန်၊ မတ် ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရကြောင်း We Love Myaing အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ် အနောက်ပိုင်းရှိ ကိုင်းရိုးရွာ အရှေ့ဘက်တောနှင့် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ဆင်စိန်ရွာ ဘုန်းကြီးကျောင်းအတွင်းရှိ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ ၁ ဦး ခြေပြတ်၍ သွေးထွက်လွန်နေခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ကိုင်းရိုးရွာ အရှေ့ဘက်တောအတွင်းရှိ ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိဘဲ အကြောင်းမဲ့လာကျဲသွားတာ ခြေပြတ်သွားတဲ့ပြည်သူက စိုးရိမ်ရတယ်။ သွေးထွက်လွန်တာ ပေါ့။ ဘုန်းကြီးကျောင်းဝင်း အတွင်း ပျက်စီးမှုများတယ်” ဟု We Love Myaing အဖွဲ့မှတာဝန်ရှိသူက ပြော ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article