Khit Thit သတင်းဌာန၏ မတ် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားခရီးစဉ် မတိုင်မီ အစည်းအဝေးအတွင်း သူ့အပေါ် သစ္စာရှိဖို့ ပြောခဲ့တဲ့ ပုံစံနဲ့ “သစ္စာရှိမှု”ဟာ အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေး နိုင်ပေမယ့် “သစ္စာမဲ့မှု”ကိုတော့ ခွင့်လွှတ်နိုင်စရာမရှိဘူးဆိုပြီးတော့ပါ နေပြည်တော် စစ်ရုံးမှာ ပြုလုပ် ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ JOC အစည်းအဝေးမှာ ထည့်သွင်းပြောခဲ့တယ်လို့ နေပြည်တော်စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-NUG ကနေ တပ်ရင်းတချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်ခဲ့တဲ့ အချိန် တစ်ဖက်မှာတော့ NUG လက်အောက်ကို ဝင်ရောက်ဖို့ လျှောက်ထားနေတဲ့ PDF တပ်ရင်းများစွာရှိနေတယ်လို့ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောထားသလို ၊ တစ်ဖက်မှာလည်း စစ်ကောင်စီဘက်က ဗိုလ်မှုး ၁ ဦးအပါအဝင် စစ်သားနဲ့ရဲ စုစုပေါင်း ၆၄ ဦးဟာ NUG ရဲ့ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့ကြပြန်တယ်လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ၊ မိုးဗြဲမြို့အနီးတိုက်ပွဲမှာတင် စစ်ကောင်စီတပ်သား ၇ ဦးကတော့ အသီးသီး သေကုန် ကြတဲ့အပြင် အဲဒီစစ်သား မသာအလောင်းတွေဆီကနေ လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
