29 C
Yangon

စလင်းမြို့နယ်၊ ဆုတ်လေဦး စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သားနှင့် ပျူစောထီး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးရှိ ဆုတ်လေဦးစစ်တပ် စစ် ဆေးရေးဂိတ်ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား ၊ ပျူစောထီး အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးရှိ ဆုတ်လေဦး စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က မွန်းတည့် ၁၂ နာရီလောက်ကချခဲ့တာ၊ အင်အားကတော့ ၃၀ လောက်ရှိမယ်။ ဒရုန်းနဲ့ပဲ ချခဲ့ တာ၊ ဝင်တိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။ ၃ ခေါက် ဗုံးသီး ၆ လုံးပေါ့၊ ၂ ဦးသေတာပဲ အတည်ပြုနိုင် တယ်။ နောက်ဆက်တွဲသတင်းတော့ မကြားမိသေးဘူး” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း မှ တာ ဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းတပ်ဖွဲ့ နှင့် မကွေးတိုင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article