29 C
Yangon

ဆိပ်ဖြူ ကပစ-၂၂ မှ ပျံတက်လာသော စစ်ကောင်စီ၏ စက်တပ် လေထီး ၂ စီးကို ပွိုင့်ဖိုက်သေနတ်ဖြင့် ပစ်ချမှု လေထီးမောင်းသူ ကျည်ထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ-၂၂ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၂ စီးကို ပွိုင့် ၅ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လေထီးမောင်းသူ ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ကပစ – ၂၂ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၂ စီးကို မြိုင်၊ပေါက် ပကဖ စုဖွဲ့မှု တပ်ဖွဲ့များက ပွိုင့် ၅ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စက်တပ် လေထီးမောင်းနှင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ပေါင်တွင် ကျည်ထိမှန်ပြီး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာသည် ပြင်းထန်သောကြောင့် ဖြတ်တောက်ရမည်ဟု အတွင်းသတင်းအရ သိရကြောင်း မြိုင် ပကဖ ကပြောဆိုသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စက်တပ် လေထီး ၁ စီးစည် စက်လက်များဖြင့် ပြန်လည် ပစ်ခတ်ပြီး ကျန် ၁ စီးသည် ကင်းထောက်သည့် ပုံစံဖြင့် ပျံဝဲပြီး ဆက်လက်ပျံသန်းခြင်းမရှိတော့ဘဲ ကပစ ၂၂ အတွင်းသို့ ပြန်လည် ဆင်းသက်သွားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ အန္တရာယ်ပေးနိုင်သော လေကြောင်း အန္တရာယ်ကို အသိ၊သတိ ရှိကြရန် မြိုင် ပကဖ က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article