29 C
Yangon

ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ပြီး မြေစွန်းတော်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီး၊ ဇရပ်နီရွာနှင့် သာဂေါင်လေးရွာ ဆက်လက် မီးရှို့ ဖျက်ဆီးနေ

Must read

ရန်ကုန်၊ မတ် ၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ပြီး မြေစွန်းတော်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးကာ ဇရပ်နီရွာကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့ပေါ်မှ ရောက်ရှိလာသော အကြမ်းဖက် စစ်သားများနှင့် ရေလယ်ကျွန်းဒေသတွင်ရှိသော စစ်ကြောင်းများ ပူးပေါင်းကာ မြေစွန်းတော်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ယင်းနေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိသော မြေစွန်းတော်ရွာသည် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ကျန်းမာရေး မကောင်း၍ နေအိမ်တွင် ကျန်ရှိသူများကို မီးရှို့သတ်ဖြတ်ခြင်းကြောင့် ရွာသစ်ကျေးရွာ၊ မြေစွန်းတော်ကျေးရွာနှင့် မာလကာခြံကျေးရွာတို့မှ အရပ်သား ပြည်သူ ၅ ဦးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်တွင် ဇရပ်နီရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သာဂေါင်လေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း Yesagyo Township Info Committee အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေလယ်ကျွန်း ဒေသအတွင်းရှိ ကျေးရွာများတွင် ဆက်လက် တပ်စွဲထားပြီး ကင်းပုန်း အများအပြား ချထားသောကြောင့် မြေပြင် အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

“ဒီနေ့ စစ်ခွေးတွေ ဇရပ်နီရွာကိုမီးဆက်ရှို့နေပါတယ်။ စစ်ခွေးတွေ မီးရှို့လို့ မြေစွန်းတော်ရွာကတော့ တစ်ရွာလုံးနီးပါး မီးရှို့ခံခဲ့ရပါတယ်။ ရွာသစ်ကျေးရွာနဲ့မြေစွန်းတော်ကျေးရွာတွေမှာ အသတ်ရတဲ့ ပြည်သူတွေရှိတယ်လို့ သိရတယ်။ နောက်ပြီး လက်နက်ကြီးကြောင့်သေတာ မီးရှို့နေတုန်း ကျန်းမာရေးကြောင့် သေဆုံးရတာတွေရှိတယ်လို့ ကြားသိနေရပါတယ်။ မာလကာခြံကျေးရွာမှာလည်း သတ်ခံရတဲ့ ပြည်သူရှိတယ်လို့ သိထားရတယ်။ ပြည်သူတွေကတော့ စစ်ရှောင်နေရဆဲဖြစ်ပါတယ်။ အခုမြေပြင် သတင်းအရ စစ်ခွေး သတ်ဖြတ်ထားတာ အနည်းဆုံး ပြည်သူ ၅ ဦး လောက်ရှိမယ်ထင်တယ်။ ဘုန်းကြီးတစ်ပါးလည်း သေတယ်ကြားထားရပေမယ့် အတည်မပြုနိုင်သေးဘူး။ မြေစွန်းတော်ရွာက အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ရွာပါ တစ်ရက်တည်းကို စစ်ခွေးတွေက စိတ်ကြိုက် မီးရှို့ ဖျက်ဆီးသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – Yesagyo Township Info Committee

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article