ဒီကနေ့ မတ် ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တိုင်းရင်းသားလူမျိုးစုတွေညီညွတ်ရန်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား စုပေါင်းညီညွတ်ကြဖို့နဲ့ အကွဲအပြဲတွေနဲ့ ရန်သူ စစ်တပ်ဝမ်းသာအောင် မလုပ်သင့်ဘဲ စုစည်းညီညွတ်ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက သတိပေးတိုက်တွန်းလိုက်ပါတယ်။
- ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးတွေရဲ့ ပင်မရင်းမြစ်ဖြစ်တဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေအတွက် ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေး အလေးထား လုပ်ဆောင်ပေးဖို့ ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာအစိုးရတွေကို Justice For Myanmar အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
- မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ-၂၂ ကနေ တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီး ၂ စီးကို ပွိုင့် 5 နဲ့ ပစ်ခတ်တိုက်ခိုက်ရာ လေထီးမောင်းသူ ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
