ရန်ကုန်၊ မတ် ၇
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး မြင့်ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ပြီး ဖောကား ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နရီခန့်တွင် အုတ်ဖိုမြို့နယ် သာလိကာကျွေးရွာ အုပ်ချုပ်ရေးမှူး မြင့်ဦးသည် ဖောကားဖြင့် လယ်ထဲကို မောင်းနှင်းလာစဉ်တွင် သာယာဝတီခရိုင်တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော မြင့်ဦးသည် နေရာတွင် ပွဲချင်းပြီး သေသွားပြီး ဖော့ကား ၁ စီးနှင့် ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ မြင့်ဦးသည် ရပ်ရွာအတွင်း လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် ဦးဆောင် ပါဝင်သူဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး အခွန် ဆက်ကြေးများ အတင်း အဓမ္မ ကောက်ခံနေသူဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်း လူငယ်များရှိသည့် နေအိမ်မျာထံမှ စစ်မှုထမ်းကြေး ကောက်ခံရန် အုတ်ဖိုမြို့နယ် ရဲစခန်းကို သွားရောက်တိုက်တွန်းနေခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြင့်ဦးက PDF တွေကို ဂရုစိုက်စရာမလိုဘူး။ ခွေးလေခွေးလွင့်တွေဆိုပြီး စိန်ခေါ်နေတဲ့အပြင် PDFကို အားပေးထောက်ခံသူတွေလို့စွပ်စွဲပြီး ပြည်သူတွေကိုဖမ်းခိုင်းပါတယ်။ စစ်မှုထမ်းရမယ့် ယောက်ျားတွေရှိတဲ့အိမ်ဆို တစ်အိမ် ၃ သိန်းပေးဖို့ အတင်းအကျပ်တောင်းတယ်။ မြင့်ဦးကို ရှင်းဖို့ တော်လှန်ရေး ရဲဘော်တွေက သူ့အိမ်ကို အသွားလမ်းမှာ ဖောကားမောင်းလာတာကို တွေ့ပြီး လိုက်ပစ်တာ ပစ်ခတ်ခံရတော့ မြင့်ဦးက ကားကိုထားခဲ့ပြီး လယ်ထဲ ထွက်အပြေးမှာ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဆက်လက်၍ စစ်ရေးမြှင့်တင်လှုပ်ရှားဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် ၊ ပျူစောထီးများနှင့် ၎င်းတို့ ဒေါက်တိုင်များကို ရှောင်ရှားသွားလာနေထိုင်ကြရန်နှင့် စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က အသိပေး ပြောဆိုထားသည်။
အလားတူ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ဝင်းသန်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာ အုပ်ချူပ်ရေးမှူး ဝင်းသန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၄ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချူပ်ရေးမှူး ဝင်းသန်းသည် ပြည်သူလူထုအပေါ် စစ်မှုထမ်းကြေးများ လစဉ် ငွေကျပ် ၃၀၀၀၀ အတင်းအဓမ္မ ကောက်ခံခြင်း၊ လျှပ်စစ်မီတာခများတောင်းခံခြင်းနှင့် လမ်းဖွံ့ဖြိုးရေးငွေများကို အကြမ်းဖက် စစ်တပ်နှင့် ပေါင်းစားနေခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် Dragon King People’s Defense Force (နဂါးမင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တောင်တွင်းကြီး)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း သေဆုံးသွားသော စစ်တပ်ခန့် အုပ်ချူပ်ရေးမှူး ဝင်းသန်းဆိုသူနှင့် ပတ်သက်သော အချက်အလက်များကို ရရှိထား၍ စစ်တပ် ဒေါက်တိုင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကြရန် အသိပေးနှိုးဆော်ထားကြောင်း၊ မဟာမိတ်တပ်ဖွဲ့ဝင်တို့များကလည်း စစ်အာဏာရှင် ကျဆုံးသည်အထိ တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ပေးကြပါရန် ကိုကံကြီးမောင်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


