28 C
Yangon

ထန်းတပင်နှင့် ကျောက်ကြီး အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၇

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် နှင့် ကျောက်ကြီးမြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦး သေဆုံးပြီး နေအိမ် ၅ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထန်းတပင်မြို့နယ် နှင့် ကျောက်ကြီးမြို့နယ် အစပ်ရှိ ကျောက်ကြီးပေါက်ရွာနှင့် မကျည်းတောရွာကို လေယာဉ်ဖြင့် ဗုံး ၆ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျောက်ကြီးပေါက်ရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ထွေး နှင့် မကျည်းတောရွာမှ အသက် ၅၅ နှစ်အရွယ် ဦးအောင်မြင့်အေး ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်ခိုင်ဦး တို့ သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၅ လုံးခန့် မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

” တပ်မဟာ ၂ နဲ့ တပ်မဟာ ၃ အကြားမှာရှိတဲ့ ကျောက်ကြီးပေါက် တံတားထိပ် မန်ကျည်းတောကို ကျဲသွားတာပါ။ အမျိုးသမီ ၂ ဦးနဲ့ အမျိုးသား ၃ ဦးသေဆုံတယ်။ အိမ်တွေတော့ မီးလောင်နေတာတွေ့တယ်။ နေအိမ် ၅ လုံးလောက်ပျက်စီးမယ်လို့ ခန့်မှန်းရပါတယ်။ ဘာလေယာဉ် အမျိုးအစားနဲ့ ကျဲတယ်ဆိုတော့ မသိရဘူး။ ကျဲချသွားတာ ၆ လုံးလောက်ရှိတယ်။ စက်သေနတ်တွေနဲ့လည်း ပစ်ခတ်တယ်။ ဒဏ်ရာရတဲ့သူ ၃ ဦးကလည်း မန်ကျည်းတောရွာကပဲ။ တိုက်ပွဲလည်း ဖြစ်ပွားတာ မရှိပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article