26 C
Yangon

ချောင်းဦးမြို့နယ်တွင် စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်၏ လက်နက် ကြီးကျည်ထိမှန်၍ ဘုန်းကြီးကျောင်းပျက်စီးပြီး ကိုရင် ၁ ပါး ဒဏ်ရာရ

Must read

ချောင်းဦးမြို့နယ်တွင် စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်၏ လက်နက် ကြီးကျည်ထိမှန်၍ ဘုန်းကြီးကျောင်းပျက်စီးပြီး ကိုရင် ၁ ပါး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ချောင်းဦးဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ချောင်းဦးမြို့နယ်တွင် စစ်တပ်က စက်တပ်လေထီးများဖြင့် ကင်းထောက်ခြင်းများ တစ်ချိန်လုံးလုပ်ဆောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ဝန်းကျင်အချိန်တွင် စက်တပ်လေထီးများပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ကြကြောင်း သိရှိရသည်။

“မတ်လ ၄ ရက်နေ့ စခ ၁၇ ကောင်သေပြီးတော့ စစ်ကား ၂ စီး မီးရှို့ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ လက်နက် ကြီး ပစ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ တောက်လျှောက် ဖြစ်နေတယ်။ ပြည်သူတွေပိုပြီး သတိထားဖို့ ပြောချင်ပါတယ်။ ဒီနေ့ကတော့ လေထီးပေါ်ကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။ အထိအခိုက် မသိရသေးဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်ဆေးရေးဂိတ်တွင် အထိုင်ချထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ချောင်းဦးမြို့နယ်၊ကျီကုန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ကိုရင် ၁ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ပျက်စီးခဲ့ကြောင်း ချောင်းဦးဆရာတော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article