26 C
Yangon

ပေါက်ခေါင်းမြို့ အနီး ရပ်သစ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ မင်းလှတွင်လည်း စစ်တပ်က ဆိုင်ကယ် ၆ စီးနှင့် ဖုန်းများ ခိုးယူသွား

Must read

ပေါက်ခေါင်းမြို့ အနီး ရပ်သစ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ မင်းလှတွင်လည်း စစ်တပ်က ဆိုင်ကယ် ၆ စီးနှင့် ဖုန်းများ ခိုးယူသွား

ရန်ကုန်၊ မတ် ၇

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့အနီးရှိ ရပ်သစ်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၃ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၉ လုံးခန့် ပစ်ခတ် ခဲ့ရာ ရပ်သစ်ရွာအတွင်း လက်နက်ကြီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း မပေါက်ကွဲသေးသည် လက်နက်ကြီး ကျည်ရှိနေသောကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်မှုမရှိဘူး။ ခြံဝင်းထဲ တစ်ခုကိုကျတယ်။ ဗုံးဆံတွေက အိမ်ခေါင်မိုးကို ထိတယ်။ ဗုံးသီကျတဲ့ ပြည်သူတွေက အိမ်ရှေ့ခန်းထဲမှာ အိပ်နေတာ ဖြစ်တဲ့ အတွက်ကြောင့် နောက်ဖေးခြံဘက်ကို ကျတဲ့ အခါကျတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်ပေါ့။ မပေါက်ကွဲသေးတဲ့ ဗုံးရှိတဲ့ နေအိမ်တွေကပဲ ကြောက်လန့်စိုးရိမ်နေတာပေါ့။ ဘယ်တော့ ပေါက်ကွဲမလဲဆိုပြီးတော့ မနေရဲတဲ့ သဘောပါပဲ။ ခလရ ၅၃ က အဲနေ့က ပစ်တာတော့ ၉ ချက်လောက်ရှိတယ်။ ရမ်းသမ်းပစ်ခတ်တာပေါ့။ အဲရွာက မြို့အနီးအနားက ရွာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကွင်း အရှေ့ဘက်ရှိ ရွာစုံကို မွှေနှောက်ဝင်ရောက်ပြီး ဖားလေးကွင်းရွာမှ ပြည်သူပိုင် ဆိုင်ကယ် ၆ စီးနှင့် ဖုန်းလုံး ၂ လုံးကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မင်းလှမြို့နယ်၊ စစ်ကွင်း အရှေ့ဘက်ရှိ ရွာစုံကို အကြမ်းဖက် စစ်တပ်၊ ရဲ နှင့် ပျူစောထီးများက ကား၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပြည်သူပိုင် ဆိုင်ကယ် ၆ စီးနှင့် ဖုန်း ၂ လုံးကို ခိုးယူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်၊ ရဲ နဲ့ ပျူးခွေးတွေက ကား၊ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး စစ်ကွင်း အရှေ့ဘက်က ရွာစုံကို ဝင်မွှေနှောက်တာ အဲမှာ ဖားလေးကွင်းရွာက ပြည်သူပိုင် ဆိုင်ကယ် ၆ စီးနဲ့ ဖုန်း ၂ လုံးကို ခိုးယူသွားတယ်။ စစ်ခွေးတွေ ခိုးယူသွားတဲ့ ဆိုင်ကယ် ၆ စီးကို စစ်ကွင်းရဲကင်းကနေ တဆင့် တပ်ထဲကို ဗိုလ်မှူး ၁ ကောင်က လာယူသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article