26 C
Yangon

မင်းလှတွင် ပြည်သူများကို PDF ထောက်ပို့ဟု စွတ်စွဲ ဖမ်းဆီးခိုင်းနေသည့် စစ်တပ် ဒေါက်တိုင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

မင်းလှတွင် ပြည်သူများကို PDF ထောက်ပို့ဟု စွတ်စွဲ ဖမ်းဆီးခိုင်းနေသည့် စစ်တပ် ဒေါက်တိုင် ထွန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ပြည်သူများကို PDF ထောက်ပို့ဟု စွတ်စွဲ ဖမ်းဆီးခိုင်းနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ထွန်းနိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဗိုလ်တထောင်ရွာတွင် နေထိုင်သော စစ်တပ် သတင်းပေး ထွန်းနိုင်ကို ၎င်းနေအိမ်အတွင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေနတ်ကျည် ၃ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ထွန်းနိုင်သည် စစ်မှုထမ်းဟောင်း ဖြစ်ပြီး အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အမာခံ ၁ ဦးဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေး၍ ပြည်သူများကို PDF ထောက်ပို့ဟုဆိုကာ ဖမ်းဆီးခိုင်းခြင်း၊ တော်​လှန်​ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား စုံစမ်းထောက်​လှမ်းကာ စစ်တပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် PDF တပ်ဖွဲ့က သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” သူ့အိမ်က လမ်းဘေးတင်ပဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတာ ကျွန်တော်တို့ ရဲဘော်တွေ အိမ်ထဲတင် ခေါင်းကို ကျည် ၃ ချက်နဲ့ ပစ်ခတ် ရှင်းလင်းလိုက်တာ သူက စစ်မှုထမ်းဟောင်း တပ်ထောက်ခံသူ အမာခံ တော်လှန်ရေးသတင်းတွေ စုံစမ်းတယ်။ စစ်ခွေးတွေဆီ သတင်းပို့တယ်။ PDF ကို ထောက်ပံ့တယ်ဆိုပြီး စစ်ခွေးတွေဆီ တိုင်လို့ ပြည်သူတချို့ ရှောင်နေကြရတယ်။ သူ့ကို စစ်ခွေးသတင်းပေးမလုပ်ဖို့နဲ့ ပြည်သူကို ဒုက္ခမပေးဖို့ပြောတာကို ရပ်မသွားတဲ့အပြင် ပိုဆိုးလို့ရှင်းရတာပါ” ဟု သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသေည့် အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article