26 C
Yangon

မိတ္ထီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

မိတ္ထီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မတ် ၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၇ရက်နေ့တွင် မိတ္ထီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး မင်းဘူးခရိုင်၊ အမှတ်၂တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ထို စစ်မှုထမ်း တပ်သားသစ်သည် MA အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၉၆ တောင့်၊ ကျည်ဘောက် ၃ ခု၊ ရေဗူး ၊ အီကွေးမန့် နှင့် ဖိနပ် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မတ် ၇ ရက်နေ့က အလင်းဝင်လာတာပါ။ အလင်းဝင်လာတဲ့သူကို ဂုဏ်ပြုငွေ ချီးမြှင့်ပေးထားပါတယ်။ ပမာဏတော့ မပြောတော့ပါ။ တပ်ရင်းက တာဝန်ရှိသူ ၁ ဦးကို ဖုန်းနဲ့ ချိတ်ဆက်လာတာပါ။ စစ်ခွေးတွေက အိမ်ပေါ်ထိတက်ပြီး ပေါ်တာဆွဲ သွားတာပါ။ အကြမ်းဖက် စစ်ကောင်စီဆီ မနေဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့နဲ့ တပ်ရင်းကို ဆက်သွယ်ပြီး အလင်းဝင်ပေးကြဖို့ ပြောကြားချင်ပါတယ်။ အလင်းဝင်ရောက်လာတဲ့သူကို မိသားစု လုံခြုံရေးကြောင့် မပြောတော့ပါဘူး။ သူက တပ်ရင်းတပ်ဖွဲ့မှာ တာဝန်ထမ်းမှာပါ”ဟု မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူနှင့် အတူ ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို မင်းဘူးခရိုင်၊ အမှတ် ၂ တပ်ရင်းက လက်ခံကြိုဆိုလျက်ရှိပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article