24.6 C
Yangon

ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

Must read

ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ လယ်ကွင်းထဲမှ တပ်ဖြန့်၍ တက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို ဥယျာဥ်ကြီး-ရုံးချောင်း ဆက်သွယ်ရေး လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF ရဲဘော်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား မသာအလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ ရုံးချောင်းရွာဘက် စစ်ကြောင်း ပြန်လည် ဆုတ်ခွာစဉ် ပြည်သူများကို လူသားဒိုင်းပြုလုပ်ရန်နှင့် စစ်သား အလောင်းထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ပြည်သူတွေဖမ်းသွားတာ အရေအတွက်မသိရ မသာတွေသယ်ဖို့ ဖမ်းခေါ်သွားတာ စစ်ခွေးတွေက အလယ်ကုန်း စခန်းက တဆင့် ရုံးချောင်းရွာ လယ်ကွင်းတွေကနေ တပ်ဖြန့်တက်လာတာ ရုံးချောင်းနဲ့ ဥယျာဥ်ကြီး ဆက်သွယ်ရေး လမ်းပေါ်ကို သူတို့လည်းအရောက်မှာ မိုင်းဆွဲတော့ ၃ ကောင်က နေရာတင်သေတယ်။ ၇ ကောင်ကလည်း ဒဏ်ရာတွေရကုန်လို့ အော်ဟစ်နေတာ နောက်တော့ စစ်ခွေး အလောင်းတွေနဲ့ ဒဏ်ရာရ စစ်ခွေးတွေကို သယ်ပြီး ရုံးချောင်းဘက်ကို ပြန်ဆုတ်သွားတယ်။ ရွာသားတချို့ကိုလည်း စစ်ခွေးတွေ လူသားဒိုင်းအနေနဲ့ ဖမ်းသွားတယ် သိရပေမယ့် ဘယ်နှစ်ဦးပါသွားလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန်နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF တပ်ဖွဲ့က အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article