32 C
Yangon

ထားဝယ်မှ မြိတ်သို့ ထွက်ခွာလာသည့် ငွေစက္ကူ သေတ္တာများနှင့် စစ်သားများလိုက်ပါလာသော စက်လှေကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး၊ စက်လှေ RPG ထိမှန်ပြီး မီးလောင်

Must read

ထားဝယ်မှ မြိတ်သို့ ထွက်ခွာလာသည့် ငွေစက္ကူ သေတ္တာများနှင့် စစ်သားများလိုက်ပါလာသော စက်လှေကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး၊ စက်လှေ RPG ထိမှန်ပြီး မီးလောင်

ရန်ကုန်၊ မတ် ၁၁

တနင်္သာရီတိုင်း၊ ထားဝယ်မှ မြိတ်သို့ ထွက်ခွာလာသည့် ငွေစက္ကူ သေတ္တာများနှင့် စစ်သားများလိုက်ပါလာသော စက်လှေကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး စက်လှေ RPG ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ဆိပ်ကမ်းဘက်သို့ စုန်ဆင်းလာသော ငွေစက္ကူ သေတ္တာများနှင့် စစ်သားများလိုက်ပါလာသော စက်လှေ ၁ စီးကို ထားဝယ်ခရိုင် တပ်ပေါင်းစုက ထား၀ယ်မြစ်ကြောင်းအတွင်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စက်လှေကို RPG ထိမှန်ကာ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြနလည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲစက်လှေက RPG ထိသွားတယ်။ အဲမှာ မီးလောင်ပြီးတော့ မောင်းပြေးသွားတာ ကျနော်တို့ ပစ်လိုက်တာလဲ မနည်းဘူး။ ကျနော်တို့ သိရသလောက်တော့ ငွေစက္ကူတွေ တင်လာတာ သေတ္တာတွေနဲ့ အများကြီး တင်လာပြီးတော့ ထားဝယ်ကနေ မြိတ်ကို ပို့မှာ ဘဏ်အချင်းချင်း လွှဲပြောင်းတဲ့ ပုံစံမျိုးနဲ့ ပို့မယ့်နေရာမှာ ဘဏ်မန်နေဂျာရယ်။ ဘဏ်ဝန်ထမ်း ၂ ယောက်ပါတယ်လို့သိရတယ်။ မြန်မာ့စီးပွားရေးဘဏ်က ဖြစ်နိုင်တယ်။ စစ်ခွေးလုံခြုံရေးတွေနဲ့ စစ်မှုထမ်းတွေလည်း ပါတယ်။ စက်လှေပေါ်မှာ အကုန်လုံးပေါင်းပြီးတော့ လာကျတာ စစ်ခွေးအင်အားက ၆၀နဲ့ ၇၀ ကြားရှိတယ်။ သူတို့ စက်ကလေးနဲ့ ၂ ဦးလောက်ပဲ ပြန်ပစ်နိုင်တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မီးလောင် သွားသော စက်လှေကို ထားဝယ်နှင့် ကျောက်နီမော် အကြားတွင် ရပ်ထားပြီး စက်လှေပေါ်မှ သေဆုံးသွားသော စစ်သား အလောင်းများကို လာရောက်သယ်ထုတ်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article