32 C
Yangon

မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်တပ်က ယနေ့ ညပိုင်းထိ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ

Must read

မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်တပ်က ယနေ့ ညပိုင်းထိ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းထိ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ကာ မြောင်မြို့နယ်၊ ပန်းညိုရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိ ညပိုင်း အချိန်ထိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်း နေအိမ်အများအပြား မီးလောင် နေပြီး ရွာလုံးကျွတ် မီးလောင်ပျက်စီးနိုင်ကြောင်း၊ ကျေးရွာပြင်ပမှလည်း မီးခိုးလုံးများ တက်လာသည်ကို ဆက်တိုက် တွေ့မြင်နေရကြောင်း သိရှိရသည်။

” အခုထိရှို့နေတာ မီးက တော်တော်များနေပြီး တစ်ရွာလုံး ရှို့မယ်ထင်တယ်။ သူတို့ အတွက်အထိအခိုက်များပြီး ကြည်း၊ ရေ၊ လေ ၃ ခုလုံး သုံးတာတောင် ၃ ရက်ကြာအောင် အချိန်ယူလိုက်ကြရတာဆိုတော့ တော်တော် မကျေနပ် ဖြစ်နေကြတယ် ထင်တယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောဆိုသည်။

ရေစကြိုမြို့နယ် သာခေါင်ရွာတွင်လည်း အကြမ်းဖက် စစ်တပ်၏ နောက်ချန် အင်အားများ ကျန်ခဲ့နိုင်သောကြောင့် ပြည်သူများ ကျေးရွာအတွင်း ဝင်ရောက်ခြင်းမပြုလုပ်ရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိ မြောင်မြို့နယ်၊ ပန်းညိုရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြေစွန်းတော်ရွာနှင့် မာလကာခြံရွာမှ သက်ကြီးရွယ်အို ပြည်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article