ရန်ကုန်၊ မတ် ၁၃
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ လက်စွေ့ရွာတွင် ဂိတ်ချ ဆက်ကြေးကောက်နေသည့် ရဲ ၂ ဦး ကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ဦး စလုံးသေဆုံးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံ ခရိုင်အမှတ် ၄ တပ်ရင်း- နွားထိုး ကြီး PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၂ ရက် နေ့က မလှိုင်မြို့နယ်၊ မနောကန် ရဲစခန်းမှ ရဲ ၂ ဦးသည် လက်စွေ့ရွာတွင် ဂိတ်ချ လမ်းပေါ်တက်၍ ပြည်သူများထံမှ ခြိမ်းခြောက်ကာ ပိုက်ဆံတောင်း ခြင်း၊ ဖမ်းဆီးခြင်းများ လုပ် ဆောင် နေသဖြင့် အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး စလုံး သေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော သေနတ် ၂ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဘေးပတ်ပတ်လည်မှာ ကင်းပုန်းပုံစံများနောက်ချန်အင်အားတော့ရှိတယ်။ အဲဒီလက်စွေ့ရွာက ကျနော်တို့ မပစ်ခင်အရင်ရက်ပေါ့ ၁၁ ရက်နေ့က ပေါ်တာတွေ ဝင်ဆွဲခံထားရတဲ့ရွာပါ။ အဲဒီရွာထိပ် မှာ နွားကားတွေ၊ ဆိတ်ကားတွေကို အဓိကထားပြီး ဂိတ် ကြေးကောက် တဲ့ ရခတွေကို ပစ်ခဲ့တာ၊ အဲဒီနားကတော့ လူငယ်တွေလည်း ဖမ်းဆီးတာရှိတယ်၊ ပြီးလို့ရှိရင် ပေါ်တာဆွဲတာအပြင် အခြား ကုန်ကားသမားတွေဆိုရင် အဆမတန် တစ်သိန်း ၂ သိန်းတောင်းတာတွေလည်းရှိတယ်။” ဟု မြင်းခြံ ခရိုင်အမှတ် ၄ တပ် ရင်း- နွားထိုး ကြီး PDF မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို နွားထိုးကြီး PDF – မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
