37 C
Yangon

ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီးတွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး

Must read

ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီးတွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် လမ်းဆုံဓမ္မာရုံ အနီးတွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ဘက်မှာ ၁ ဦး သေဆုံးခဲ့ကြောင်း SOLO AUNG GYI အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့ပေါ် အထိုင်စခန်းမှ အင်အား ၃၀ ခန့်ဖြင့် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို SOLO AUNG GYI အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လမ်းဆုံဓမ္မာရုံ အနီးတွင် စနိုက်ပါဖြင့် စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်ပြီးနောက် အပြန်အလှန် ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားပြီးခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သားများ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်တာက စစ်ခွေး ၁ ကောင်သေတယ်။ စစ်ခွေးတွေ ကလည်း ပြန်ပစ်တော့ ထိတွေ့ တိုက်ပွဲက ၁၅ မိနစ်လောက်ဖြစ်သွားတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ တစ်ကိုယ်တော် အောင်ကြီးပြောက်ကျားအဖွဲ့အနေနဲ့ ဂတိသစ္စာပြုပါတယ်။ နောက်ထပ်လည်း ကျနော်တို့ တပ်ဖွဲ့အနေနဲ့ မြို့ပေါ် စစ်ဆင်ရေးတွေ ဆက်လက် ဖော်ဆောင်ဖို့ ရှိပါတယ်” ဟု SOLO AUNG GYI အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

SOLO AUNG GYI အဖွဲ့အနေဖြင့် မြို့ပေါ် စစ်ဆင်ရေးများ ဆက်လက် ဖော်ဆောင်နိုင်ရန် ထောက်ပို့ ပြည်သူများ ဝိုင်းဝန်း ကူညီ ပေးကြရန် မေတ္တာရပ်ခံကြောင်း တစ်ကိုယ်တော် အောင်ကြီးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article