37 C
Yangon

နောင်ချိုနှင့်စဉ့်ကူးတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၁၁ ဦး အပါအဝင် ပြည်သူ ၃၇ ဦး သေဆုံးစေခဲ့သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက အရေးယူရန် NUG တိုက်တွန်း

Must read

ရန်ကုန်၊ မတ် ၁၇

နောင်ချိုနှင့်စဉ့်ကူးတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၁၁ ဦး အပါအဝင် ပြည်သူ ၃၇ ဦး သေဆုံးစေခဲ့သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက အရေးယူရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို ကြိုးပမ်းလုပ်ဆောင်နေသော နိုင်ငံများကို NUG က တိုက်တွန်းသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် ၂ ပါး၊ အသက် ၁၈ နှစ်အောက် ကိုရင် ၅ ပါး၊ အရပ်သား ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း၊ အလားတူ မတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်အုပ်စုအနေဖြင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄ လသား ကလေးသူငယ် ၁ ဦးအပါအဝင် ကလေးသူငယ် စုစုပေါင်း ၆ ဦးနှင့် စုစုပေါင်း အရပ်သားပြည်သူ ၂၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်အုပ်စုသည် အများပြည်သူသွားလာနေသည့် ဈေးနှင့် သာသနိက အဆောက်အဦများကိုရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှတိုက်ခိုက်သည့် ထိုလုပ်ရပ်အား အပြင်းအထန်ရှုံ့ချကြောင်း၊ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အများပြည်သူဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ကို မဟာဗျူဟာ တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေပြီး၊ ထိုသို့တိုက်ခိုက်ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။

NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းတင်ထားသော အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု ၂၁၉၀ မှု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း NUG က ပြောသည်။

အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ် များအပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် ပေးရမည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု (၆) မျိုးတွင် အပါအဝင်ဖြစ်သည့် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ကြောင်း၊ ထို့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ချိုးဖောက်ရာရောက်ကြောင်း NUG က ထောက်ပြသည်။

ဓာတ်ပုံ – ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုအတွင်း ပျံလွန်တော်မူကြသည့် ကိုရင်ငယ်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article