37 C
Yangon

ကသာမှ အင်းတော်ဘက်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံပြီး ၂၉ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ်၁၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှ အင်းတော်မြို့နယ်ဘက်ကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄၀ ဦးသေဆုံပြီး ၂၉ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်းကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ကသာမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်းအား ၁၅၀ ခန့်ဖြင့် အင်းတော်မြို့နယ်ဘက်ကို စစ်ကူလာရောက်စဉ် KIA ၊ PDF ပူးပေါင်း တပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး အရှင်ဖမ်းမိကာ ထိခိုက်ဒဏ်ရာရရှိသူမျာပြားပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်၍ ကသာမြို့နယ် အတွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း KIA ပူးပေါင်း တပ်ဘက်မှ လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းနိုင်ခဲ့ပြီး လက်ရှိချိန်တွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

“ကသာ ဘက်ကနေ အင်းတော်ဘက်ကို စစ်ကူသွားဖို့ ထွက်လာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ခွေး စစ်ကြောင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်တာပေါ့။ စစ်ခွေး ၄၀ ကောင်သေပြီး ၂၉ ဦး အရှင်မိတယ်။ လက်နက်ခဲယမ်းတွေလည်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့တယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article