32 C
Yangon

စဥ့်ကူးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ က ဖမ်းဆီးရမိ၊ ကနီတွင်လည်း မူးယစ်ဆေးပြား ၂ သိန်းကျော်ကို ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မတ် ၁၇

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိပြီး စစ်တပ် သတင်းပေးများကိုလည်း ဆက်လက် ဖမ်းဆီးမည်ဖြစ်ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် စဥ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာတွင် နေထိုင်သော ပြည့်စုံဌေးသည် စိတ်ကြွဆေးပြား WY များ ရောင်း ဝယ်နေသည့် သတင်းရရှိသောကြောင့် မြို့နယ် ပကဖ တာဝန်ခံ၏ ညွှန်ကြားချက်ဖြင့် စဥ့်ကူးမြို့နယ် ပကဖ ရဲဘော်များက ၎င်းနေအိမ်အတွင်း သွားရောက် ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ရှာဖွေစဉ် WY ဆေးပြား ၅၂၀၀ ပြား နှင့် အတူ ပြည့်စုံဌေးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဆက်လက် အရေး ယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အတွက် စဥ့်ကူးမြို့နယ် အုပ်ချုပ်ရေး ဌာန သို့ လွဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်ဆက်၍ ကျန်ရှိနေသော တရားခံများကိုလည်း ဆက်လက် စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းဒုစရိုက်မှု ပပျောက်ရေး မူးယစ်ဆေးကင်းစင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စဥ့်ကူးမြို့နယ်အတွင်း ပုန်အောင်းနေသော အကြမ်းဖက် စစ်တပ် သတင်းပေး၏ အချက်အလက်များကို စိစစ်နေပြီး စုံစမ်းဖော်ထုတ်များ ပြုလုပ်ကာ ဆက်လက် ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“မူးယစ်ဆေးတွေ ရောင်းဝယ်ပြုလုပ်နေတယ်လို့ သတင်းရလို့ ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့တာပါ။ သူ့ကို အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ ကျန်နော်တို့ စဥ့်ကူးမြို့နယ် အုပ်ချုပ်ရေးဌာနကို လွှဲပြောင်းပေးအပ်လိုက်ပါပြီ စစ်တပ် သတင်းပေးတွေရဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့ စိစစ်နေပါတယ်။ စုံစမ်းဖော်ထုတ်တာတွေ လုပ်ပြီးရင် ဆက်လက် ဖမ်းဆီး အရေးယူသွားမယ်” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

အလားတူ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်းခြမ်း၊ မုံရွာ-ယာကြီး-က လေးလမ်းရှိ စုပေါင်းဂိတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သယ်ဆောင်လာသည့် WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရရှိကြောင်း ကနီမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြောဆိုသည်။

” မူးယစ်ဆေးဝါး သယ်လာတဲ့သူ အမည်က သိန်းလှ။ အသက်၄၅နှစ်၊မောင်တောမြို့၊ရသေ့တောင်ကျေးရွာကပါဗျ။ သူ့ကို မသင်္ကာလို စစ်ဆေးကြည့်တဲ့အခါ ဆိုင်ကယ်တူးဘောင်အတွင်းက ဆေးထုပ်တစ်ထုပ်စာ တွေ့တာ။ဖောက် ကြည့်တော့ စိတ်ကြွ ဆေးပြား တွေ ဖြစ်နေတယ်။အဲလိုတွေလို့ သူပါလာတဲ့ ပုံးတွေကို ထပ်ပြီးစစ်ဆးတော့ ပုံးအပေါ်ယံမှာယမ်း တွေတင်လာပြီး ယမ်းမှုန့်ရဲ့ အောက်က နေ YWဆေးပြားအထုပ်၁၉ကိုထပ် တွေ့ရတယ်။ဆေးထုပ် တစ်ထုပ်မှာ ဆေးပြား ၁၀၀၀၀ ပါဝင်ပါတယ်။ နောက်ပြီး မှတ်ပုံတင်ကလည်း ၃ကတ် ကိုင်တောင် ထားတာတွေရပါတယ်ဗျ။ မြန်မာနိုင်ငံသားမှတ်ပုံတင် ၂ ခုနဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်တစ်ခု စုစုပေါင်း ၃ ခု ကိုင်ဆောင်ထားတာလည်း သိမ်းဆည်းရမိခဲ့ပါတယ် ။ ကျနော်တို့ တရားခံနဲ့ သိမ်းဆည်းရမိတဲ့ပစ္စည်းအား လုံးကို ကနီမြို့နယ်ပလဖတာဝန်ခံ လွှဲပြောင်းအပ်နိုင်ပေးခဲ့တယ်” ဟု ယင်းမာပင်ခရိုင် အမှတ် ၂ ၊တပ်ရင်း ၃၂ တာဝန် ရှိသူ AKက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article