ရန်ကုန်၊ မတ် ၁၇
မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက် ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ညောင်ဂျစ်ပင်ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ရော့ကတ် ၇ လုံးသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော အဆောက် အဦးပေါ်နှင့် ကာကင်းများ အနီ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ လက်ရှိချိန်တွင် ညောင်ဂျစ်ပင် ပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က အောင်သာပျူစောထီးရွာမှ အင်အား ၃၀ ခန့် ထပ်မံဖြည့်တင်းထားကြောင်း သိရှိရသည်။
မတ်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ်အတွင်းရှိ တွင်းမရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ ကျနော်တို့ အရေအတွက်ကို ဆက်လက် စုံစမ်းနေပါတယ်။ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်သွားမှာမို့လို့ တော်လှန် ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ တပ်ဖွဲ့တွေကို ထောက်ပို့မှုလေး လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ဘာမထီ.ကိုဆုံကြီး အဖွဲ့ ၊ PLC ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု၊ Black Cobra Force Pakokku ၊ ကမ္မတပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
