စဥ့်ကူးမြို့နယ် လက်ပံလှရွာ သင်ဇာဆန်စက်အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် လက်ပံလှရွာ သင်ဇာဆန်စက်အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် လက်ပံလှရွာ သင်ဇာဆန်စက် အနီးရှိ ချောင်းရိုးအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“လက်ပံလှရွာ သင်ဇာဆန်စက် အရှေ့မြောက်ဘက် ချောင်းရိုးထဲကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်း တိုက်ခိုက်သွားတာပါ။ ပြည်သူ ၃ ဦးသေဆုံးတယ်။ ၆ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ အရေးပေါ် ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေပါတယ်” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။


