29 C
Yangon

ရေစကြိုမြို့နယ်၊ ဘိစပ်ကုန်းရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူသွားပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

Must read

ရေစကြိုမြို့နယ်၊ ဘိစပ်ကုန်းရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူသွားပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဘိစပ်ကုန်းရွာမှ ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က ခိုးယူသွားပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ဘိစပ်ကုန်းရွာမှ ပြည်သူပိုင် ပစ္စည်းအားကို စစ်ကောင်စီ တပ်သားများ ခိုးယူသွားပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယမန်နေ့ မတ်လ ၁၇ ရက်နေ့က စတင်ကာ ဘိစပ်ကုန်းရွာကို ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကို မင်းရွာပျူစောထီးရွာကို ထော်လာဂျီဖြင့် ယူဆောင်သွားပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေလယ်ကျွန်းဒေသ ဘိစပ်ကုန်းရွာကို အတောမသတ်နိုင်အောင် ယုတ်မာနေကြတဲ့ အကြမ်းဖက် စစ်ခွေးတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ လုယက် သယ်ဆောင်ပြီးနောက်မှာ ဒီနေ့ နံနက်ပိုင်းက စတင်ပြီးရွာထဲက နေအိမ်တွေကို မီးရှို့နေတာပါ” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပခုက္ကူမြို့ဘက်မှ ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးသည်လည်း ယနေ့ နံနက်ပိုင်းတွင် ပေါက်တောဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က အညာဒေသမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article