29 C
Yangon

ထားဝယ်နည်းပညာ တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ဈေးဝယ်ထွက်လာစဉ် စောင့်ကြို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ထားဝယ်နည်းပညာ တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ဈေးဝယ်ထွက်လာစဉ် စောင့်ကြို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ဈေးဝယ်ထွက်လာစဉ် စောင့်ကြို တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်တပ် စစ်ဆေးရေးဂိတ်အနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲနေထိုင်‌သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဈေးဝယ်ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦသေဆုံးပြီး BA 63 (G3) ၂ လက် ၊ BA 64(G4) ၁ လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးများ အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်း ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article