မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့်ပြည်တွင်းရေး မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပွားနေ၍ ဩစတြေးလျနိုင်ငံသားများ ခရီးမသွားကြရန် သတိပေးချက် ထုတ်ပြန်
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့်ပြည်တွင်းရေး မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပွားနေ၍ ဩစတြေးလျနိုင်ငံသားများ ခရီးမသွားကြရန် ဩစကြေးတလျ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက် ထပ်မံ သက်တမ်းတိုး ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်တွင်းမငြိမ်မသက်မှုများကြောင့် သြစတြေးလျနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ခရီးသွားခြင်းမပြုရန် သတိပေးကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ခရီးသွားလာမှု သိသိသာသာ ကျဆင်းနေပြီး အခြေအနေမှာ မတည်ငြိမ်ဘဲ မှန်းဆရခက်နေဆဲဖြစ်ကြောင်း ဩစတြေးလျအစိုးရက ထုတ်ပြန်သည်။
မြန်မာနိုင်ငံနှင့်အတူ ရုရှား၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ဟေတီ၊ အီရန်၊ ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်းနှင့် လစ်ဗျားတို့တွင် လက်နက်ကိုင်ပဋိပက္ခ၊ အကြမ်းဖက်ဝါဒ၊ လူထုမငြိမ်မသက်မှုများနှင့် မတရားဖမ်းဆီးခြင်းစသည့် ခြိမ်းခြောက်မှုများ ပြင်းထန်လာခြင်းကြောင့် ခရီးမသွားကြရန် သြစတြေးလျက တားမြစ်ပိတ်ပင်ကြောင်း၊ အဆိုပါ သတိပေးချက်သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍနှင့် ခရီးသွားလာရေးဆိုင်ရာ စိုးရိမ်မှုများသာမက ဒေသတစ်ခုလုံးသို့ သက်ရောက်မှုများရှိနေကြောင်း သိရှီရသည်။
ဩစတြေးလျ၏ သတိပေးချက်များသည် ခရီးသွားများအတွက် လုံခြုံရေးစိုးရိမ်စရာရှိနေရုံသာမက ဒေသတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး အတွက် အဓိက စိုးရိမ်ကောင်းသော စိန်ခေါ်ချက်ဖြစ်လာနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
