30 C
Yangon

မြင်းခြံမြို့နယ်၊ ဆုံရွာအနီး ပြည်သူပိုင် ယာခင်းများကို မီးရှို့နေသော စစ်ကောင်စီ တပ်သာများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

မြင်းခြံမြို့နယ်၊ ဆုံရွာအနီး ပြည်သူပိုင် ယာခင်းများကို မီးရှို့နေသော စစ်ကောင်စီ တပ်သာများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကန်၊ မတ် ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာအနီး ပြည်သူပိုင် ယာခင်းများကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သာများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၄ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာ အရှေ့ဘက်ရှိ တောထဲ၌ ပြည်သူပိုင် ယာခင်းများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဆုံရွာ အရှေ့ဘက်က တောထဲမှာ ယာခင်းတွေကို မီးပတ်ရှို့နေတဲ့ ပျူခွေးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ပျူစောထီး ၁ ကောင် သေပြီး ၂ ကောင် ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MGN) ၊ AungSan’s Blood Civilians Defense Force (ABCDF) ၊ မြင်းခြံမြောက်ပိုင်းသားများ ပြောက်ကျားတပ်ဖွဲ့ (MNGF) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article