Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကရင်နီပြည်နယ်က ဘောလခဲမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်မှူး မျိုးမင်းသူ အပါအဝင် စစ်ကောင်စီတပ်သားတော်တော်များများ အသီးသီး သေကုန်ကြတဲ့အပြင် နောက်ထပ် စစ်သားတွေကိုလည်း အရှင်ဖမ်းဆီးမိထားရုံတင်မက လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိထားတယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်မှုတွေအတွက် အဆင့်ပေါင်းများစွာ ထပ်တိုးကန်သတ်လိုက်တဲ့အပြင် ၊ အေဂျင်စီတွေကိုလည်း အလုပ်ခေါ်စာ တစ်စောင်ကို အလုပ်သမား အယောက် ၅၀ နှုန်းပဲ တစ်လတစ်ကြိမ်သာ ခွင့်ပြုတော့မယ်လို့ စစ်ကောင်စီကိုယ်တိုင် ထုတ်ပြန်ကြေညာလာပါတယ်။
မွန်ပြည်နယ်က သထုံမြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းတပ်သားသစ်အဖြစ် အကြီးအကျယ် လိုက်စုနေတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်မှုထမ်းဟောင်း ကြည်ဇော် ဆိုသူနဲ့ ချွေးမ ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးစလုံး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
