38 C
Yangon

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်ဂိတ်များက ပြည်သူပိုင်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူနေ

Must read

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်ဂိတ်များက ပြည်သူပိုင်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူနေ

ရန်ကုန်၊ မတ် ၂၃

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်ဂိတ်များက ပြည်သူပိုင်ကားများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ပြီး စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူနေကြောင်း ဒေသပြည်သူများနှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကန်တုတ်ဂိတ် နှင့် ရှမ်းတပ်ဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရီးသွားပြည်သူများနှင့် ဒေသတွင်း ပြည်သူများ၏ ဈေးကားများ၊ ကုန်ကားများကို အကြောင်းမဲ့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားပေါ်တွင်ပါလာသည့် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများပါ ယူဆောင်ထားပြီး ကားများကိုပါ သိမ်းဆည်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိသည်။

“စစ်ခွေးတွေက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံမှုတွေနဲ့ ဖြတ်လေးဖြတ် စတင်လုပ်ဆောင်နေတာပေါ့။ ပြည်သူတွေရဲ့ ကားတွေပေါ်မှာ ပါလာတဲ့ လူသုံးကုန်ပစ္စည်းတွေ စားသောက်ကုန် ပစ္စည်းတွေ စက်သုံးဆီတွေကို ဂိတ်က စစ်ခွေးတွေက လုယက်ယူဆောင်တာပေါ့။ ကားကိုပါ သိမ်းဆည်းတာတွေလည်း လုပ်တယ်လို့ သိရတယ်” ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ သိမ်းဆည်းသွားသော ကားများနှင့် ဆိုင်ကယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်ရောင်းချပြီး ငွေကြေးခွဲဝေ ယူဆောင်မှုများရှိပြီး ပြည်သူများ၏ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် စက်သုံးဆီများလည်း ပြန်လည် ရောင်းချကာ ခွဲဝေ ယူဆောင်မှုများ ရှိကြောင်း သိရသည်။

“စစ်ခွေးတွေက သူတို့ သိမ်းဆည်းထားတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို အပြင်မှာ ပြန်ရောင်းပြီး ငွေကြေး ခွဲဝေ ယူဆောင်တာတွေရှိတယ်။ အကြောင်းမဲ့ကို သိမ်းယူတာ ပြန်ရွေးခိုင်းရင်လည်း ငွေကျပ် သိန်းဆယ်ချီပြီးတော့ တောင်းတာ ပြန်ရွေးတဲ့ သူတွေလည်းရှိတယ်။ တချို့ဆို အငှားကားမောင်းတဲ့ သူတွေလည်းပါတယ်။ သူတို့တောင်းတဲ့ ပိုက်ဆံပေးပြီး ရွေးရတာပေါ့။ သူများကားမောင်းတယ်ဆိုတော့ အဲဒီစစ်ခွေးဂိတ်တွေက ပြည်သူတွေ အပေါ် နည်းမျိုးစုံနဲ့ကို ယုတ်မာနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article