မွန်ပြည်နယ် အတွင်းရှိ အဝေးပြေးလမ်းပိုင်း လုံခြုံရေးအတွက် ရာမည စစ်ကြောင်းက စစ်ဆေးမှုများ ပြုလုပ်
မွန်ပြည်နယ် အတွင်းရှိ အဝေးပြေးလမ်းပိုင်း လုံခြုံရေး အတွက် ရာမည စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက ယနေ့ မတ်လ ၂၃ ရက်နေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာမည စစ်ကြောင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ စုစည်း ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


