30 C
Yangon

အတုအယောင် ရွေးကောက်ပွဲဖြင့် တရားဝင်မှု ရရှိရန် ကမ္ဘာကို လိမ်လည်နေသည့် မြန်မာစစ်တပ်ကို အမေရိကန်အစိုးရက ပိုမိုထိရောက် ပြတ်သားစွာ အရေးယူရေး တွန်းအားပေးမည်ဟု အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen ပြော

Must read

ရန်ကုန်၊ ဧပြီ ၁၇

မြန်မာစစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲများ ကျင်းပကာ နိုင်ငံတကာမိသားစုကို လှည့်စားရန် ကြိုးပမ်းနေသော်လည်း အမေရိကန်အစိုးရအနေဖြင့် စစ်ကောင်စီအပေါ် ပိုမိုပြတ်သားထိရောက်သော အရေးယူမှုများပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen က ပြောကြားလိုက်သည်။

ဧပြီလ ၁၅ ရက်နေ့က ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေး ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲတွင် မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများအတွင်း အဓိကအတိုက်အခံပါတီများကို ဖယ်ထုတ်၍ ရွေးကောက်ပွဲအတုများ ကျင်းပခဲ့ပြီးနောက်၊ ယခုအခါ ဗိုလ်ချုပ်တစ်ဦးကို ရုပ်သေးခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်ကြောင်း Chris Van Hollen က ထောက်ပြသည်။

၎င်းက “ဒါဟာ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းမှု မဟုတ်ပါဘူး။ အာဏာကို စုစည်းဖို့နဲ့ နိုင်ငံ တကာရဲ့ တရားဝင်မှုကို လိမ်လည်ရယူဖို့ ကြိုးပမ်းတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် ဘယ်တော့မှ ဆက်ဆံမှာမဟုတ်ဘူး” ဟု အခိုင်အမာ ပြောဆိုသည်။

စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ငွေကြေးကွန်ရက်များကို ပစ်မှတ်ထား နှိမ်နင်းနိုင်ရန်အတွက် အမေရိကန်အထက်လွှတ်တော်တွင် နှစ်ပါတီပူးပေါင်းတင်သွင်းထားသည့် ‘Brave Burma Act’ ကိုလည်း ၎င်းက ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါဥပဒေကြမ်းသည် မြန်မာ့အရေးအတွက် အမေရိကန်၏ တုံ့ပြန်မှုကို ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း သိရသည်။

အထက်လွှတ်တော်အမတ် Chris Van Hollenက လက်ရှိ အမေရိကန်အစိုးရအဖွဲ့အနေဖြင့်

စစ်ကောင်စီအပေါ် ယခုထက်ပို၍ ပြတ်သားသည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်၊ သံတမန်ရေးအရ ဖိအားများ တိုးမြှင့်ရန်နှင့် တာဝန်ခံမှုရှိအောင် ဖော်ဆောင်ရန်၊ စစ်ကောင်စီ၏ အတုအယောင် နိုင်ငံရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာက အသိအမှတ်မပြုရန် ရှင်းလင်းစွာ ပြသရန်၊ နိုင်ငံရေးနှင့် ဘာသာရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး ဖိအားပေးရန် တောင်းဆိုထားသည်။

မြန်မာပြည်သူများ၏ သတ္တိကို ချီးကျူးစကားဆိုရင်း အမေရိကန်အနေဖြင့် မြန်မာ့အရေးကို သံတမန်ရေးရာတွင် ဦးစားပေးကိစ္စရပ်အဖြစ် ဆက်လက်သတ်မှတ်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုများ အဆုံး သတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိသည်အထိ လက်တွဲကူညီသွားမည်ဖြစ် ကြောင်း ၎င်းက ကတိပြု ပြောကြားသည်။

WASHINGTON, DC – MARCH 18: Sen. Chris Van Hollen (D-MD) speaks in front of a memorial made up of shoes and backpacks symbolizing those killed in the bombing of the Minab elementary school and other civilians killed in Iran sits outside the United States Capitol on March 18, 2026 in Washington, DC. Democratic lawmakers spoke at a press conference in front of the memorial to cal for an end of the conflict in Iran. (Photo by Matt McClain/Getty Images)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article