25 C
Yangon

ထိုင်းလွှတ်တော်၏ မြန်မာ့အရေး ဆွေးနွေးပွဲတွင် မြန်မာပြည်သူများကို ဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပြန် လွှဲပြောင်းခြင်း မပြုလုပ်ရန် CRPH က တင်ပြ တောင်းဆို

Must read

ရန်ကုန်၊ မတ် ၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသည့် မြန်မာပြည်သူများကို ဖမ်းဆီး၍ အကြမ်းဖက် စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ရန် တင်ပြတောင်းဆိုခဲ့ကြောင်း CRPH မှ ကိုယ်စားလှယ် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမြဲတမ်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) တို့က ကြီးမှူးကျင်းပခဲ့သည့် “ထိုင်းနိုင်ငံ၏ နယ်စပ်တစ်လျှောက်၌ လုံခြုံရေး မြှင့်တင်ခြင်းနှင့် ငြိမ်း ချမ်းရေးတည်ဆောက်ခြင်း အခန်းကဏ္ဍ” ဆွေးနွေးပွဲတွင် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်​ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုဆွေးနွေးပွဲတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက ထိုင်းနိုင်ငံအစိုးရအနေဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာပြည်သူများကို အကြမ်းဖက် စစ်တပ်ထံ ပြန်လည် ပို့ဆောင်နေမှုသည် လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့်အတွက် ယင်းသို့ လုပ်ဆောင်နေမှုများကို ချက်ချင်းရပ်တန့်ပေးနိုင်ရန်နှင့် မဖြစ်မနေပြန်ပို့ လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တိုင်းရင်သားအဖွဲ့အစည်းများထံသာ လွှဲပြောင်းပေးပြီး မြန်မာပြည်သူများ၏ အသက် အန္တရာယ် ထိခိုက်မှုကို ကာကွယ်ပေးရန် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် ပြန်လည်သက်တမ်းတိုးရာတွင် အကြမ်းဖက်စစ်ကောင်စီထံသို့ အခွန်မပေးဆောင်ရရေးနှင့် ထိုင်းနိုင်ငံအစိုးရက တရားမဝင် ဝင်ရောက်လာသည့် မြန်မာပြည်သူများအား အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည်ပို့ဆောင်နေမှုသည် ၎င်းတို့၏ လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့်အတွက် ယင်းသို့လုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ပေးနိုင်ရန်၊ မဖြစ်မနေပြန်ပို့ရန် လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီနှင့် တိုင်းရင်သားအဖွဲ့အစည်းများထံသို့သာ လွှဲပြောင်းပေးခြင်းဖြင့် မြန်မာပြည်သူများအား အသက်အန္တရာယ်ထိခိုက်မှုမှ ကာကွယ်ပေးရန်” ဟု CRPH က တင်ပြတောင်းဆိုသည်။

အဆိုပါ ၂ ရက်တာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများ၊ မြန်မာရွှေ့ပြောင်းနေထိုင်သူများအရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများကိစ္စ၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လုံခြုံရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များကို အဓိက ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း၊ ယင်းဆွေးနွေးပွဲသို့ တက်ရောက်စဉ် ကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးကို အစဉ်တစိုက် အားပေးကူညီနေသည့် ထိုင်းနိုင်ငံ၏ လွှတ်တော်အမတ်များဖြင့် သီးခြားတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများနှင့် နှစ်ဖက် ပူးပေါင်းဆောင် ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“ဒီဆွေးနွေးပွဲက အရမ်းကောင်းပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တကယ့်ကို နိုင်ငံရေးအရရော၊ ပညာရပ်ဆိုင်ရာ အရရော၊ နိုင်ငံတကာ အသိုင်းအဝိုင်း နယ်ပယ် အရရော တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေ မြန်မာအပါအဝင် အာဆီယံဒေသတွင်း လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်တက်ရောက်ကြတဲ့ ပွဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ကို ဆွေးနွေးခဲ့ကြပြီး ထိုင်းလွှတ်တော်နဲ့ အစိုးရကို မြန်မာ့အရေးနဲ့ ပတ်သက်လို့ ‌လက်တွေ့နဲ့ ကိုက်ညီတဲ့ မူဝါဒတွေ ပေါ်ပေါက်လာ‌‌စေမယ်လို့ မျှော်လင့်ပါတယ်” ဟု CRPH ကိုယ်စားလှယ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူ့အခွင့် အရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ၊ နိုင်ငံ တကာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article