29 C
Yangon

ပုဂံ-ညောင်ဦး လမ်းတွင် အိမ်စီးကားဖြင့် လာသည့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းတွင် အိမ်စီးကားဖြင့် လာသည့် ပျူစောထီး ၂ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး နိုင်ခဲ့သော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း Bagan Bo Cho PDF နယ်မြေတာဝန်ခံ ရဲဘော် ရက္ခ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ထန်းတပင်ရွာ‌တွင် နေထိုင်သော ပျူစောထီး ဇော်မြင့် နှင့် ဆူးပုဒ်ကုန်းရွာတွင် နေထိုင်သော ပျူစောထီး အောင်စိုးဝင်း တို့ကို ပုဂံ-ညောင်ဦး လမ်းပိုင်းတစ်နေရာတွင် Bagan Bo Cho PDF နှင့် မဟာမိတ်တပ်များက ရှောင်တခင် ဖမ်းဆီးစစ်ဆေးစဉ် သက်သေခံ စာရွက်စာတမ်းများနှင့် အတူ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီရမိသည့် ပျူစောထီး ဇော်မြင့် နှင့် ပျူစောထီး အောင်စိုးဝင်းကို စစ်ဆေးမေးမြန်းခဲ့ရာ ကျော်မျိုးလင်းနှင့်အတူ ကပစ-၂၁ မှ ကျည် ၅၀၀၀၀ ကို ပခုက္ကူမြို့ တပ်မ-၁၀၁ သို့ ပို့ဆောင်ပေးခဲ့‌ကြောင်း ဝန်ခံထွက်ဆိုခဲ့ဟု Bagan Bo Cho PDF နယ်မြေတာဝန်ခံ ရဲဘော် ရက္ခ က ပြောဆိုသည်။

ထိုသို့ စစ်‌ဆေးမေးမြန်းပြီးနောက် ၎င်းပျူ‌စောထီး ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားရန် ပြုလုပ်စဉ် တော်လှန်ရေး ရဲဘော်များကို ပြန်လည်ခုခံထွက်ပြေး သွားသောကြောင့် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးရမိတဲ့ ပျူစောထီး ၂ ဦးက ကပစ-၂၁ က ကျည် ၅၀၀၀၀ ကို တပ်မ-၁၀၁ ကို ပို့ဆောင်ခဲ့‌တယ်လို့ ဝန်ခံခဲ့ပါတယ်။ နောက်ပြီး သတ်သေခံ စာရွက်စာတန်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော်တို့ ဆက်လက် စစ်ဆးတာတွေ လုပ်ဆောင်ဖို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်မှာ ခုခံ ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးတာ ၂ ဦးလုံးပွဲချင်းပြီးသေဆုံးသွားတယ်” ဟု Bagan Bo Cho PDF နယ်မြေတာဝန်ခံ ရဲဘော် ရက္ခ က ပြောဆိုသည်။

ပုဂံညောင်းဦးနှင့် ချောက်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို အလေးထားလိုက်နာပေးကြရန် Bagan Bo Cho PDF က မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article