ရန်ကုန်၊ မတ် ၂၄
ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Mobye People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ် သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက် ယူဆောင်လာပြီး အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ်သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်း ဆီးခံရသူဖြစ်ပြီး စစ်တပ်အတွင်း မတရား စေခိုင်းမှုများကို မခံစားနိုင်သည့်အတွက် ထွက်ပြေး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မိုးဗြဲ တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေပြီး တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲတွင် စစ်ရေး လိုအပ်ချက်များစွာရှိနေသည့်အတွက် တော်လှန် ပြည်သူများအနေဖြင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပို့ ကူညီပေးကြရန် Mobye People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မိုးဗြဲတွင် အလင်းဝင်လာမည့် တပ်သားများကိုလည်း ဂုဏ်ပြဆုငွေများ ပေးအပ်ပြီး ဘေးကင်းလုံခြုံသည့် ထိန်သိမ်းရေးဌာနသို့ လွှဲပြောင်းရန် စီစဥ်လျက်ရှိကြောင်း၊ အလင်းဝင်လာမည့် စစ်ကောင်စီ တပ်သားများကိုလည်း အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အစဥ်အမြဲကြိုဆိုလျက်ရှိကြောင်း Mobye People Defense Force မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

