27 C
Yangon

ထားဝယ်၊ မောင်မယ်ရှောင်ရွာတွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ထားဝယ်၊ မောင်မယ်ရှောင်ရွာတွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်နေသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရား အဝင်မုဒ်ဝ၌ ယာယီတပ်စွဲပြီး ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အင်အားက ၂၅ ဝန်းကျင်လောက်ရှိတယ်။ တိုက်ပွဲက ၁ နာရီကျော်ကျော်လောက်ဖြစ်ခဲ့တာပါ။ အခုတော့ စစ်ခွေးတွေ တပ်ပြန်ဆုတ်သွားပါပြီ” ဟု ဒူရကစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရက စစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေး စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သောစစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်း ပေးကြရန် ဒူရက စစ်ကြောင်း က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article