28 C
Yangon

နတ်တလင်းမြို့နယ်၊ လယ်မအင်းရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံး

Must read

နတ်တလင်းမြို့နယ်၊ လယ်မအင်းရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၅

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက လယ်မအင်းရွာ၊ အိုးဖိုကုန်းရွာနဲ့ ဘန့်ဘွေးကုန်း ဘက်ကို နယ်မြေရှင်းဖို့တက်လာတာပါ။ ကျနော်တို့ဘက်ကလည်း နယ်မြေ အသာစီးရယူပြီး ပြောက်ကျားစနစ်နဲ့ အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ရန်သူဘက်က အင်အား သာလွန်ပေမယ့် နယ်မြေကျွမ်းကျင်မှုနဲ့ ရဲဘော်တွေရဲ့ အမိန့်နာခံမှု အားကောင်းတာတွေကြောင့် ခုလိုမျိုး အထိနာအောင် တိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အထိနာသွားတဲ့ စစ်ခွေးတွေက လယ်မအင်းရွာထဲကို ပြန်ဝင်သွားပြီး ရွာထဲမှာပတ်ဆဲတာ သေနတ်ပစ်တာတွေလုပ်တယ်လို့သိရပါတယ်” ဟု Bamar Revolution Army – BRA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်းကွင်းထဲ ရောက်ရှိလာစဉ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကို အလစ်အငိုက် အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်တာ စစ်ခွေး ၃ ကောင်သေတယ်။ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်။ အဲနေ့ ညပိုင်းမှာပဲ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ထောင်ထားတဲ့ မိုင်းကွင်းထဲကို စစ်ခွေးတွေက ဝင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ဖို့ လုပ်နေတုန်း ထပ်ပြီး မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၃ ကောင် ထပ်သေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည် နှင့် တပ်ခွဲ ၄ Bamar Revolution Army – BRA အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ထိုနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပျဉ်ပုံရွာကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article