29 C
Yangon

စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဟု မင်းအောင်လှိုင် ပြော

Must read

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၄ ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလတတိယပတ်နှင့် စတုတ္ထ ပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထား ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ၂ နှစ် တာကာလ အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် စဉ်းစားဆောင်ရွက် ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန်ကာလဖြစ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်မှုလိုအပ်နေ သည့် အချိန်ဖြစ်ခြင်းကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ရွေးကောက်ပွဲတွင် Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲကို ဖြစ်နိုင် သရွေ့တစ်နေ့တည်းကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင်ပြုလုပ်ရန်၊ ကြိုတင် ကြေညာရန်ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့် အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန် ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများကြောင့် ရွေးကောက် ပွဲကို တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီး ရန်ဆောင် ရွက် မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောပြန်သည်။

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဆန္ဒမဲဖြင့် အပြတ်အသတ် ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သော NLD ပါတီ၏ ခေါင်းဆောင်လည်းဖြစ်၊ လူထု ရွေးကောက်တင်မြှောက်သော အစိုးရခေါင်းဆောင်လည်းဖြစ်သော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီး အကျဉ်းချထားကာ NLD ပါတီကိုလည်း ဖျက်သိမ်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article