33 C
Yangon

ကနီမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်း အိမ်ယာ၊ ထွေ/အုပ်ရုံးနှင့် စာရင်းစစ်ရုံးတို့ ပျက်စီး

Must read

ကနီမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်း အိမ်ယာ၊ ထွေ/အုပ်ရုံးနှင့် စာရင်းစစ်ရုံးတို့ ပျက်စီး

ရန်ကုန်၊ မတ် ၂၆

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်း အိမ်ယာ၊ ထွေ/အုပ်ရုံးနှင့် စာရင်းစစ်ရုံးတို့ ပျက်စီးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကနီမြို့တွင်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နတ်ကြီး ကျေးရွာ ရေဆိပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး ဗုံးစ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကနီမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကနီမြို့နယ်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ပတ်ဝဲ ကင်းထောက်မှုများ လုပ်‌ဆောင်သွားပြီးနောက် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က Fixed Win ဒရုန်း ၂ စီးဖြင့် ကနီမြို့ပေါ်ကို ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကနီမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကနီမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို UAVs ဒရုန်းဖြင့် ပတ်ဝဲ ကင်းထောက်မှုများ ထပ်မံ လုပ်‌ဆောင်ခဲ့ကြောင်း သိရသည်။

ထို့သို့ လုပ်ဆောင်သွားပြီးနောက် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့နှင့်အတူ Chindwin Rocket Brothers- CRB ၊ ချိုမိုင်မိုင် ကနီနယ်အဖွဲ့၊ နယ်မြေခံ ပကဖ များ ပူးပါင်း၍ ကနီမြို့ပေါ်ကို Fixed Win ဒရုန်း ၂ စီး ဗုံးသီး ၄ လုံး ၊ Rocket ၇ လုံးတို့ဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဗိုလ်မှူး နေအိမ်၊ ရဲစခန်းဝန်ထမ်းအိမ်ယာ၊ ထွေ/အုပ်ရုံး နှင့် စာရင်းစစ်ရုံးတို့ ပျက်စီး ထိခိုက်ခဲ့ပြီး ရဲမေ ၂ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအပြီး အကြမ်းဖက် စစ်တပ်၏ ကနီမြို့စောင့်တပ်ကလည်း မြို့မြောက်ဘက်ခြမ်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ပြီး ကနီမြို့ပေါ် ရပ်ကွက် ၂ ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကနီမြို့က စကစတွေကို အသိပေးချင်တာကတော့ သူတို့ဘက်က ဒရုန်းတစ်စီးလွှတ်ရင် ကျွန်တော်တို့ဘက်က အခုလိုမျိုး ဒရုန်းတွေ Rocket တွေ ပြန်လွှတ်မယ်ဆိုတာ အသိပေးချင်ပါတယ်” ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မတ်လ ၂၆ ရက်နေ့တွင် နမခ စစ်ဆေးရုံသို့ ထိခိုက်ဒဏ်ရာရရှိထားသော ရဲများ ပို့ဆောင်ရန် ရဟတ်ယာဥ် အကူခေါ်သော်လည်း လက်ရှိအချိန်ထိ နမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းက လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article