ဒီကနေ့ မတ် ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ Capital Ace ကုမ္ပဏီက စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ပူးပေါင်းကာ တာယာတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေတယ်လို့ တပ်နဲ့ဆက်နွယ်နေတဲ့ စီးပွားရေးသတင်းရင်းမြစ်က ပြောပါတယ်။
- မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်တပ်သား ကြည်ဝင်း ဆိုင်ကယ်တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဒုစုံမှူး မင်းသူနဲ့ လ/ထ စုံမှူး မင်းသန့် တို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
