ဒီကနေ့ မတ် ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်ပရောက် လူငယ်တွေကို မြန်မာပြည်ပြန်လာပြီး စစ်မှုထမ်းခိုင်းဖို့ ကိုယ်စားမဲနှိုက်ခိုင်းနေပြန်ပြီး စစ်မှုထမ်းဖို့ ပျက်ကွက်တဲ့သူတွေကို အမည်ပျက်နဲ့ ၀ရမ်းပြေး ကြေညာဖို့ အဆင့်တွေအထိ လုပ်ထားပြန်တယ်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း၊ မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက် မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူတွေကို ပြည်သူ့ စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ထဲ ချက်ချင်းထည့်သွင်းတာဖြစ်တဲ့အတွက် ထွက်ပြေးလို့ မလွတ်နိုင်ဘူးဆိုပြီးတော့ပါ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုလာပြန်တယ်လို့ မန္တလေးမြို့နေပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ်၊ ရေးမြို့ အမှတ် ၈ အာရှလမ်းမကြီးပေါ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၅၈၆ က အရာရှိတွေ လိုက်ပါလာတဲ့ Vigo ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
