34 C
Yangon

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှ ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ မြိတ်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၂၄ မိနစ်ခန့်တွင် ရမ်းဖိုကျေးရွာမှ ဆီအုန်းကုန်းကို ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရပါသည်။

“ရမ်းဖိုရွာထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ခြေလျင်ထွက်လာတာပေါ့။ အဲတာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာ လက်နက် ခဲယမ်းတွေတော့ သိမ်းဆည်းနိုင်ခဲ့တာမရှိပါဘူး။ စစ်ခွေး ၁၀ ကောင် သေဆုံးတယ်လို့ သိရတယ်” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ မြိတ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တောကြီးမြွေဟောက်တပ်ဖွဲ့နှင့် ပကဖဇုန် (၃) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article