34 C
Yangon

ရွှေဘိုတွင် ဘန်ကာဆောက်ရန် ပစ္စည်းများ သယ်ဆောင်နေသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဘန်ကာဆောက်ရန် ပစ္စည်းများ သယ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မဟူရာ ရွှေဘိုသားအဖွဲ့ တာဝန်ခံ မိုးမခ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ နေအိမ်များကို ဖျက်ဆီးကာ သီးလုံးပျူစောထီးရွာတွင် ဘန်ကာ ဆောက်လုပ်ရန် သယ်ဆောင်နေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ရဲ‌တပ်သား ၁ ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင် ဘထော် အပါအဝင် ပျူစောထီး ၄ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့က နေအိမ်တွေကို ဖျက်ယူပြီး သီးလုံးမှာ ဘန်ကာ လုပ်ဖို့လာသယ်တာကို စောင့်ကြို တိုက်ခိုက်တာပါ။ အဲရွာတွေက ပျူရွာတွေ ပြည်သူတွေ ဖမ်းဆီးတာမျိုးမရှိပါဘူး။ သယ်လာတာက သစ်သားတွေ အိမ်တိုင်တွေ အဲဒါတွေကို ယူပြီး ဘန်ကာဆောက်မှာ ဇီးဖြူကုန်းက ယူပြီး သီးလုံးမှာဆောက်မှာပါ။ တိုက်ပွဲအတွင်းမှာတော့ ဇီးပျူကုန်းနဲ့ သီးလုံးရွာထဲက ကောင်တွေက ထွက်ပြီး ပြန်ပစ်တယ်။ ကျွန်တော်တို့ဘက်က လက်နက် မမျှတော့ ပြန်ဆုတ်ခွာခဲ့ရတယ်။ ကျွန်တော်တို့လက်နက်တွေကျည်တွ ဖြည့်တင်းဖို့လုပ်အပ်သေးလို့ အကူညီလိုအပ်နေပါတယ်။ ဒီပျူရွာကတွေ ရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေ အတွက် စားဝတ်နေရေးလည်းအကူညီလိုအပ်နေပါတယ်”ဟု မဟူရာ ရွှေဘိုသားအဖွဲ့က တာဝန်ခံ မိုးမခက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟူရာရွှေဘိုသား PDF ၊ DaungMann၊ ဇေယျ‌သွေး၊ Sanke Eyes မဟာညီနောင်အဖွဲ့၊ one day အဖွဲ့ နှင့် နယ်မြေ ခံ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article