36 C
Yangon

မန္တလေးမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲ

Must read

မန္တလေးမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲ

ရန်ကုန်၊ မတ် ၂၈

မန္တလေမြို့ပေါ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများပြီး ထိခိုက်သေဆုံးသူများပြားကာ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းမြို့ အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် မန္တလေးမြို့ပေါ်ရှိ အဆောက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။

ထို့ပြင် လက်ရှိချိန်ထိ အပျက်အစီးများကြား ပိတ်မိနေသူများ ရှိနေဆဲဖြစ်ပြီး ဝိုင်းဝန်း ကယ်ထုတ်နေဆဲဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု အရေအတွက်လည်း များပြားပြီး လက်ရှိချိန်ထိ စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စိန်ပန်း ၈၈ လမ်းနဲ့ ၈၉ လမ်း ကြား ၄၂လမ်း ဦးမှန်ကြီးကုန်စုံဆိုင်ပြိုကြ ဆိုင်ပိုင်ရှင်သေတယ်လို့ သိရတယ်။ ၄၂လမ်း ၈၇လမ်းထောင့်ဇမ္ဗူအောင်လက်ဖက်ရည်ဆိုင်ပြိုကြတာ လူတစ်ယောက်သေတယ်လို့ကြားတယ်။ သာသနာပိုင်ဘက်က ကျောင်းပြိုကြတာ အသေအပျောက်များတယ်။ သေဆုံးထိခိုက်မှုက တော်တော်များတယ်။ လက်ရှိချိန်ထိတော့ စာရင်းတော့ အတည်ပြုနိုင်ဖို့ ခက်နေပါတယ်။ မြို့ပေါ် ကယ်ဆယ်ရေးတွေ အခုထိ လုပ်နေတုန်းပဲ အပျက်အစီးတွေထဲမှာ ပိတ်မိနေတာတွေရှိနေတုန်းပဲလို့ သိရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article