နေပြည်တော် ပျဉ်းမနားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀ ကျော်၏ အလောင်းများရရှိထားပြီး လူနာ ၁၃၀ ကျော်ရှိ၊ အများအပြား ပိတ်မိနေ
နေပြည်တော် ပျဉ်းမနားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၀ ကျော်၏ အလောင်းများရရှိထားပြီး လူနာ ၁၃၀ ကျော်ရှိကာ အများအပြား ပိတ်မိနေကြောင်း မိုးစေတနာပရဟိတအသင်း(ရန်ကုန်) နေပြည်တော် ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လက်ရှိအခြေအနေထိ အလောင်း ၄၀ ကျော် ရရှိထားကြောင်း၊
လူနာ ၁၃၀ ကျော်ရှိပြီး ကယ်ထုတ်မရသေးသော ပိတ်မိသူများပြားနေကြောင်း သိရှိရသည်။
“ကယ်ထုတ်နေတုန်းပဲ၊ အခုအလုပ်ရှုပ်နေလို့ပါ” ဟု မိုးစေတနာပရဟိတအသင်း(ရန်ကုန်) နေပြည်တော် ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



