ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး အများအပြား ပြိုကျပျက်ဆီးခဲ့ပြီး ထိခိုက်သေဆုံးမှုများကာ လက်ရှိချိန်ထိ လူနာများ ပို့ဆောင်နေရဆဲ
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး အများအပြား ပြိုကျ ပျက်ဆီးခဲ့ပြီး ထိခိုက်သေဆုံးမှုများကာ လက်ရှိချိန်ထိ လူနာများ ပို့ဆောင်နေရဆဲဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ပျော်ဘွယ်မြို့ပေါ်ရှိ အဆောက်အဦး အများအပြား ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများလည်း များပြားကြောင်း သိရသည်။
လက်ရှိညပိုင်းချိန်ထိ အဆောက်အဦးများနှင့် အပျက်အစီးများကြားတွင် ပိတ်မိနေသူများကို ကယ်ထုတ်နေရပြီး ထိခိုက်ရရှိသူများကို ဆေးရုံသို့ ပို့ဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“အခုချိန်ထိ ကျနော်တို့ လူနာတွေ ဆက်တိုက်ပို့နေရဆဲပါ” ဟု ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။


