ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံး ၁၀၀၀ ကျော်သွားပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိ
ယမန်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သေဆုံးသူ ၁၀၀၂ ဦးရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးရှိကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
လက်ရှိအချိန်အထိ နောက်ဆုံးကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁၀၀၂ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၃၇၆ ဦး၊ ပျောက်ဆုံးနေသူ ၃၀ ဦးဖြစ်ကြောင်းနှင့် အသေးစိတ် စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
