36 C
Yangon

လေ့ကေကော် တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ပြီး နေပြည်တော် အခွန်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ငလျင်ဒဏ်ကြောင့် သေဆုံး

Must read

လေ့ကေကော် တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ပြီး နေပြည်တော် အခွန်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ငလျင်ဒဏ်ကြောင့် သေဆုံး

ရန်ကုန်၊ မတ် ၂၉

ကရင်ပြည်နယ် လေ့ကေကော် တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ပြီး နေပြည်တော် အခွန်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော် အခွန် ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်းဇော်၏ ဇနီးယုဇနကျော် နှင့် သမီးဖြစ်သူတို့ တိုက်ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူး ထင်လင်းဇော်သည် ပုသိမ်မြို့ ဖက်တန်းလမ်း အနန္တဂုဏ်ရည် သစ်စက်ပိုင်ရှင်၏ သားမက်ဖြစ်ပြီး လေ့ကေကော်တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ကာ နေအိမ်တွင် အနားယူနေထိုင်ပြီးမှ ပြည်တွင်းအခွန်ဦးစီးဌာနဘက်သို့ အသွင်ပြောင်းရွေ့သွားသူဖြစ်ကြောင်း သိရှိရသည်။

“ပုသိမ်မြို့ ဖက်တန်းလမ်း အနန္တဂုဏ်ရည် သစ်စက်ပိုင်ရှင်ရဲ့ သားမက် အကြမ်းဖက် ဗိုလ်မှူး ထင်လင်းဇော်ရဲ့ မိန်းမ ယုဇန ကျော်နဲ့ သမီးဖြစ်သူ နေပြည်တော်မှာ တိုက်ပိပြီးသေဆုံးတာလို့ သိရတယ်။ ရုပ်အလောင်းတွေကတော့ နေပြည်တော်မှာပဲလို့ သိရတယ်။ ပုသိမ်မြို့ကို အခုထိ ပြန်မသယ်သေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article