28 C
Yangon

ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဟု မီးသတ်တပ်ဖွဲ့က အတည်ပြု

Must read

ပျော်ဘွယ်တွင် ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဟု မီးသတ်တပ်ဖွဲ့က အတည်ပြု

ရန်ကုန်၊ မတ် ၃၀

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျပြီး သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ပျော်ဘွယ် မီးသတ်တပ်ဖွဲ့က အတည်ပြု ကြေညာသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းစုဖွဲ့၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ငလျင်လှုပ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လူသေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ် ခဲ့ကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် လတ်တလော ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ခန့်ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ပျော်ဘွယ်မြို့နယ်မိသားစုများအနေဖြင့် ငလျင်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းကိစ္စများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြပါရန် မီးသတ်တပ်ဖွဲ့က နှိုးဆော်ထားသည်။

“ပျော်ဘွယ်ရဲ့ လက်ရှိ အခြေအနေကတော့ အပျက်အစီးတွေများတယ်။ လူတွေလည်း အနာဂတ်မဲ့သလိုကြီးဖြစ်နေကြတယ်။ မိသားစုဝင်သေဆုံးတဲ့သူတွေနဲ့ ပျောက်နေတဲ့ သူတွေကလည်း တငိုငိုပဲ။ အိမ်ပြိုသွားတဲ့သူတွေကလည်း ဘာလုပ်လို့ ဘာဆက်လုပ်ရမှန်း မသိတော့တဲ့အခြေအနေတွေ ဖြစ်ကုန်ကြတယ်။ တကယ့်ကို အနာဂတ်မဲ့ သလိုကြီးဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article